Thursday, May 31, 2012

ပုဗ္ဗ မုဉ္စ အပရစေတနာ ဆိုတာ


ဗုဒ္ဓဘာသာဝင်တွေ အားလုံးလိုလို ဒါနပြုခြင်းနဲ့ ပတ်သက်ပြီး ပုဗ္ဗ မုဉ္စ အပရ စေတနာ ဆိုတာလေးကို ကြားဖူးကြမှာပါ..

ဒါပေမယ့် ဘာကိုဆိုလိုတယ် အဓိပ္ပါယ်ကဘာဆိုတာကို တော်တော်များများ သိကြမှာ မဟုတ်ဘူးလို့ထင်ပါတယ်..

ကျနော်လည်း အရင်ကမသိခဲ့ပါဘူး ဆရာတော် အရှင်ဇနကာဘိဝံသရေးသားတဲ့ ကိုယ်ကျင့်အဘိဓမ္မာကျမ်းထဲမှာ ဖတ်လိုက်ရလို့

အားလုံးကိုလည်း သိစေချင်တဲ့ စေတနာနဲ့ ပြန်လည်မျှဝေလိုက်ပါတယ် ခင်ဗျာ….

ပုဗ္ဗစေတနာ

အလှူတစ်မျိုးကို လှူဒါန်းရာ၌ ပုဗ္ဗစေတနာ ၊ မုဉ္စစေတနာ ၊ အပရစေတနာ ဟု ၃ မျိုးရနိုင်၏ ။

ထို့တွင် အလှူပေးမည်ဟု ကြံစည်ကာ ထိုအလှူနှင့်ဆိုင်သော ပစ္စည်းများကို ရှာဖွေစုဆောင်း နေသော အခါမှစ၍ မလှူမီ ရှေ့အဖို့၌

ဖြစ်သမျှကုသိုလ်စေတနာတွေသည် ပုဗ္ဗစေတနာ မည်၏ ။ ထိုသို့ ပုဗ္ဗစေတနာ နယ်အတွင်း၌ ဤအလှူဒါနကို အကြောင်းပြု၍

အလှူ့ ဒကာ အလှူ့ ဒကာမ ၊ ကျောင်းဒကာ ၊ ကျောင်းအမ စသည်ဖြင့် ထင်ရှားကျော်ကြားစေလိုသောစိတ် ၊ ကျော်စောလိုသောစိတ် ၊

မိမိလှူနိုင်ကြောင်း ကြွားလိုသောစိတ်များ မဖြစ်စေရပါ ။ လှူဖို့ရာ ပစ္စည်းစုခိုက် အိမ်သားအချင်းချင်း အလှူနှင့် စပ်၍ မကျေမနပ် ဒေါသ

မာန စသော အကုသိုလ်များ ၊ အလှူကို လှူမည်ဟု ကြံခဲ့ပြီးမှ တစ်စုံတစ်ခုအတွက် စိတ်ပျက်ပြီး တွန်းဆုတ်သော မလှူလိုသော စိတ်များ

မဖြစ်စေရ ။ ထိုသို့ မဖြစ်စေဘဲ ပျော်ရွှင်ဝမ်းမြောက်စွာ အရာရာကျေနပ်လျက် လှူဖွယ် အရပ်ရပ်တို့ကို စီမံနိုင်လျှင် “ပုဗ္ဗစေတနာ တွေ

အလွန်စင်ကြယ်စွာ ဖြစ်နေပြီ” ဟုမှတ်ပါ ။

မေတ္တာသုတ်သမိုင်း


ဘုရားရှင်လက်ထက်တော်အခါက ကမ္မဋ္ဌာနယောဂီရဟန်းငါးရာတို့သည် မြတ်စွာဘုရားထံ ကမ္မဋ္ဌာန်းယူကြပြီး၊ မြတ်စွာဘုရား၏ သြ၀ါဒအတိုင်း ဟိမ၀န္တာတောအရပ်ကိုမှီကာ
ဂန္ဓဓူရခေါ် ရဟန်းတရားကို အားထုတ်ပြီး သီတင်းသုံးနေကြကုန်၏။

ရဟန်းတော်များ၏ သီလတန်ခိုးကြောင့် တောစောင့်နတ် တောင်စောင့်နတ်တို့သည် မိမိတို့နေရာ သစ်ပင်၊ တောတောင်တို့၌ မနေ၀ံ့ကြသည့်အတွက် ရဟန်းတော်များအား
စိတ်ဆင်းရဲကာ တရားအားမထုတ်တော့ဘဲ တောမှ ပြန်သွားအောင် ညအခါ ကြောက်မက်ဖွယ်သော အဆင်း၊ အသံတို့ဖြင့် နည်းမျိုးစုံသုံးကာ
ခြောက်လှန့်ကြသောကြောင့် ရဟန်းတော်များမှာ ဖြောင့်မတ်စွာ တရားကို နှလုံးမသွင်းနိုင်၊ သမာဓိ မရနိုင် ဖြစ်ကြ၍ မြတ်စွာဘုရားထံပြန်၍
အကြောင်းစုံကို လျှောက်ထားကြရာ..

မြတ်စွာဘုရားရှင်က နတ်များ အနှောင့်အယှက်ပေးခြင်းမှ ကင်းဝေးစေရန်နှင့် မေတ္တာကမ္မဋ္ဌာန်း-ပွားများတတ်ရန်အလို့ငှာ၊ ဤမေတ္တာသုတ်ပရိတ်တရားတော်ကို
သင်ကြားပေးပြီး ပြန်လွှတ်လိုက်လေ၏။