ကဆုန်လပြည့်နေ့ သည် ဗုဒ္ဓဘာသာဝင်တို့ ၏နေ့ ထူးနေ့ မြတ်ကြီးဖြစ်ပေသည်။
ထိုနေ့ ၏ ထူးခြားချက်များကား_
၁။ ဘုရားအလောင်းတော်သုမေဓာရှင်ရသေ့ သည်
ဤဘဒ္ဒ..ကမ္ဘာ၌ လေးဆူမြောက်ဖြစ်သော ဂေါတမ အမည်ဖြင့်
ဘုရားစင်စစ်ဧကန်ဖြစ်လိမ့်မည်ဟု ဒီပင်္ကရာမြတ်စွာဘုရားထံမှ နိယတ ဗျာဒိတ်ကို
ကဆုန်လပြည့်နေ့ တွင်ခံယူခြင်း
၂။ မဟာသက္ကရာဇ်(၆၈)ခု ကဆုန်လပြည့်နေ့ တွင် ဂေါတမမြတ်စွာဘုရားအလောင်းတော် သိဒ္ဓမင်းသားအား ဖွားမြင်တော်မူခြင်း
၃။ မဟာသက္ကရာဇ်(၁၀၃)ခု ကဆုန်လပြည့်နေ့ အရုဏ်တက်ချိန်တွင် ဂေါတမဘုရားအလောင်း တော်သည် သဗ္ဗညုတဥာဏ်တော် ရရှိတော်မူခြင်း
၎။ မဟာသက္ကရာဇ်(၁၄၈)ခု ကဆုန်လပြည့်နေ့ မလ္လာမင်းတို့ ၏ အင်ကြင်းဥယျာဉ်၌ ဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တော်မူခြင်းတို့ ဖြစ်လေသည်။
ထိုကဲ့သို့ ဘုရားရှင်၏အဖြစ်တော်စဉ်တွင် ထူးခြားမှတ်သားထိုက်သော ဤကဆုန်လပြည့်နေ့  အား“ဘုရားနေ့ ”့ဟုဗုဒ္ဓဘာသာဝင်အပေါင်းတို့ က အထွဋ်အမြတ်ထားကြလျှက် ဂေါတမဘုရား ရှင်သည် ဤနေ့ ဤအခါ၌ သဗ္ဗညုတရွှေညာဏ်တော်ကိုရတော်မူရန် အားထုတ်ရာတွင် အမှီပြု တော်မူသော ဗောဓိပင်အား ရေသွန်းလောင်းခြင်းစသောကုသိုလ်ေ ကာင်းမှုတို့ ကိုပြုကြကုန် သည်။ မြတ်စွာဘုရားကို အမှတ်ရကာ၊ ပူဇော်ခြင်းတစ်မျိုးဟု မှတ်ယူနိုင်ပါသည်။
ထိုသို့ အလေ့အထသည် ဗုဒ္ဓဘာသာဝင်တို့ အဖို့ပျောက်ကွယ်သွားခြင်းမရှိပဲ ယခုထက်တိုင် နှစ်စဉ်အမြဲ ကဆုန်လပြည့်နေ့ တိုင်းတွင် ညောင်ရေသွန်းပွဲများပြုလုပ်လျှက်ရှိကြသည်ကိုတွေ့  နိုင်ပေသည်။
ဗောဓိပင်ဆိုသည်ကို ယခင်က ဘုရားပွင့်တော်မူရာ ညောင်ပင်ဟုသာကျွန်တော်တို့ တစ်တွေ သဘောပေါက်မိသည်။ သို့ သော်အမှန်စင်စစ် ဗောဓိပင်ဟူသည် ဘုရားရှင်တို့ သဗ္ဗညုတ တည်း ဟူသော ဗောဓိဥာဏ် တော်ရရန် အားထုတ်ရာ၌အမှီပြုသောအပင်များ (၀ါ) ဘုရားပွင့် တော်မူရာအပင်များဖြစ်လေသည်။ ထိုအပင်များကို ဗောဓိပင်ဟုခေါ်ဆို ကြခြင်းဖြစ်သည်။ ဂေါတမ ဘုရားအလောင်းတော်သည် ညောင်ဗုဒ္ဓဟေပင်ရင်း၌ ဘုရားအဖြစ် သို့ရောက်တော်မူခဲ့ရာ၊ ထိုညောင်ဗုဒ္ဓဟေပင်ကိုဗောဓိညောင် ပင်ဟူ၍ခေါ်တွင်ခဲ့ကြလေသည်။
ဗုဒ္ဓအယူဝါဒီ ဘုရားဖူးများအတွက် ဗုဒ္ဓဂါယာ၌ အဓိကဖူးမြှော်ကြသော မဟာဗောဓိပင်သည် ပေတစ်ရာခန့် မြင့်သည်။ မဟာဗောဓိစေတီ၏အနောက်ဖက်တွင်ရှိသ ည်။
မြတ်စွာဘုရားသခင် ၏ဖွားဖက်တော်တစ်ပါးဖြစ်၍ သဗ္ဗုညုတရွှေဥာဏ်တော်ကို
ရရှိခဲ့ရာဖြစ်သည့် မူလဗောဓိပင် ကားမဟုတ်ပေ။ သမိုင်းများအဆိုအရ ဟိန္ဒူဘုရင်
သသင်္ကသည် ထိုဗောဓိပင်ကိုခုတ်လှဲ ဖျက် ဆီးခဲ့သည်။ သို့ သော်
ထိုမဟာဗောဓိပင်၏အမြစ်နေရာမှပင်ေ ပါက်လာသည်။
ထိုဗောဓိပင် သည်လည်း ၁၁၇၀ ပြည့်နှစ်တွင် အပင်လဲသွားရာ၊
ထိုအချိန်ကမဟာဗောဓိစေတီကို ဗြိတိသျှ အစိုးရအမိန်
့ဖြင့်ပြင်ဆင်မွန်းမံလျှက်ရှိသော
ဆာ အယ်လက်ဇန္ဒာ ကန္နင်ဂမ်က မူလဗောဓိပင် နေရာ၌ လဲကျသွားသောပင်မကြီးမှ
အကိုင်းတစ်ကိုင်းကို ပြန်၍စိုက်ထားခဲ့ရာ၊ ယခုဖူးတွေ့ ကြ ရသောဗောဓိပင်သည်
ထိုဗောဓိပင်ပွားဖြစ်လေသည်။
ယခုနှစ် ၁၃၇၄ခုနှစ်ကဆုန်လပြည့်နေ့ ၊ ၂၀၁၂ခုမေလ၅ရက်(စနေနေ့)တွင် ဗုဒ္ဓဘာသာ ၀င် အပေါင်းတို့  မြတ်စွာဘုရားရှင်အား အထွဋ်အမြတ်ထားသောအားဖြင့် ညောင်ရေသွန်းကာ ပူဇော်ဖို့ ရာတိုက်တွန်းလိုက်၇ပါသည်။ ။
အပ္ပမာဒေန သမ္ပာဒေထ...
ထိုနေ့ ၏ ထူးခြားချက်များကား_
၁။ ဘုရားအလောင်းတော်သုမေဓာရှင်ရသေ့
၂။ မဟာသက္ကရာဇ်(၆၈)ခု ကဆုန်လပြည့်နေ့ တွင် ဂေါတမမြတ်စွာဘုရားအလောင်းတော် သိဒ္ဓမင်းသားအား ဖွားမြင်တော်မူခြင်း
၃။ မဟာသက္ကရာဇ်(၁၀၃)ခု ကဆုန်လပြည့်နေ့ အရုဏ်တက်ချိန်တွင် ဂေါတမဘုရားအလောင်း တော်သည် သဗ္ဗညုတဥာဏ်တော် ရရှိတော်မူခြင်း
၎။ မဟာသက္ကရာဇ်(၁၄၈)ခု ကဆုန်လပြည့်နေ့ မလ္လာမင်းတို့ ၏ အင်ကြင်းဥယျာဉ်၌ ဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တော်မူခြင်းတို့ ဖြစ်လေသည်။
ထိုကဲ့သို့ ဘုရားရှင်၏အဖြစ်တော်စဉ်တွင် ထူးခြားမှတ်သားထိုက်သော ဤကဆုန်လပြည့်နေ့  အား“ဘုရားနေ့ ”့ဟုဗုဒ္ဓဘာသာဝင်အပေါင်းတို့ က အထွဋ်အမြတ်ထားကြလျှက် ဂေါတမဘုရား ရှင်သည် ဤနေ့ ဤအခါ၌ သဗ္ဗညုတရွှေညာဏ်တော်ကိုရတော်မူရန်
ထိုသို့ အလေ့အထသည် ဗုဒ္ဓဘာသာဝင်တို့ အဖို့ပျောက်ကွယ်သွားခြင်းမရှိပဲ ယခုထက်တိုင် နှစ်စဉ်အမြဲ ကဆုန်လပြည့်နေ့ တိုင်းတွင် ညောင်ရေသွန်းပွဲများပြုလုပ်လျှက
ဗောဓိပင်ဆိုသည်ကို ယခင်က ဘုရားပွင့်တော်မူရာ ညောင်ပင်ဟုသာကျွန်တော်တို့ တစ်တွေ သဘောပေါက်မိသည်။ သို့ သော်အမှန်စင်စစ် ဗောဓိပင်ဟူသည် ဘုရားရှင်တို့ သဗ္ဗညုတ တည်း ဟူသော ဗောဓိဥာဏ် တော်ရရန် အားထုတ်ရာ၌အမှီပြုသောအပင်များ (၀ါ) ဘုရားပွင့် တော်မူရာအပင်များဖြစ်လေသည်။ ထိုအပင်များကို ဗောဓိပင်ဟုခေါ်ဆို ကြခြင်းဖြစ်သည်။ ဂေါတမ ဘုရားအလောင်းတော်သည် ညောင်ဗုဒ္ဓဟေပင်ရင်း၌ ဘုရားအဖြစ် သို့ရောက်တော်မူခဲ့ရာ၊ ထိုညောင်ဗုဒ္ဓဟေပင်ကိုဗောဓိညောင်
ဗုဒ္ဓအယူဝါဒီ ဘုရားဖူးများအတွက် ဗုဒ္ဓဂါယာ၌ အဓိကဖူးမြှော်ကြသော မဟာဗောဓိပင်သည် ပေတစ်ရာခန့် မြင့်သည်။ မဟာဗောဓိစေတီ၏အနောက်ဖက်တွင်ရှိသ
ယခုနှစ် ၁၃၇၄ခုနှစ်ကဆုန်လပြည့်နေ့ ၊ ၂၀၁၂ခုမေလ၅ရက်(စနေနေ့)တွင် ဗုဒ္ဓဘာသာ ၀င် အပေါင်းတို့  မြတ်စွာဘုရားရှင်အား အထွဋ်အမြတ်ထားသောအားဖြင့် ညောင်ရေသွန်းကာ ပူဇော်ဖို့ ရာတိုက်တွန်းလိုက်၇ပါသည်။ ။
အပ္ပမာဒေန သမ္ပာဒေထ...
No comments:
Post a Comment