Monday, May 28, 2012

သစ္စာမေတ္တာဆုတောင်း (မြစိမ်းတောင်ဆရာတော်)


သဗ္ဗုရိသ တစ်ကြိမ်မျှ တွေကစောင့်ရှောက်သည်။
သူယုတ်မာကားအကြိမ်များ တွေ့ ငြားမစောင့်ပြီ
သစ္စာတရားမြတ်တရားကြောင့် အားလုံးသတ္တ၀ါဘေးရန်ကွာ ချမ်းသာကြပါစေ
သူတော်ကောင်းသာ ပေါင်းသင်းရာ မြတ်စွာမိန့် ခဲ့သည်။
သူတော်ကောင်းတရား သိမြင်ငြား တိုးပွားမြင့်မြတ်သည်။
သစ္စာတရားမြတ်တရားကြောင့် အားလုံးသတ္တ၀ါဘေးရန်ကွာ ချမ်းသာကြပါစေ။
သူတော်ကောင်းသာ ပေါင်းသင်းရာ မြတ်စွာမိန့် ခဲ့သည်
သူတော်ကောင်းတရားသိမြင်ငြား ၀တ္တရားကင်းပြတ်သည်။
သစ္စာတရားမြတ်တရားကြောင့် အားလုံးသတ္တ၀ါဘေးရန်ကွာ ချမ်းသာကြပါစေ။
မင်းစီးရထား လွန်ဆန်းပြားအိုသွားကြလေသည်
ခန္ဓာကိုယ်လည်းနည်းတူဘဲ မလွဲအိုရမည်
သူတော်ကောင်းများသိတရား အိုသွားမရှိပြီ
သစ္စာတရားမြတ်တရားကြောင့် အားလုံးသတ္တ၀ါဘေးရန်ကွာ ချမ်းသာကြပါစေ။
ကောင်းကင်တထွေ ကမ္ဘာမြေထူထွေဝေးလှသည်
သမုဒ္ဒရာ ဟိုကမ်းဟာ လွန်စွာဝေးလှသည်
သူတော်သူညစ်တရားနှင့် စင်စစ်ဝေးလှသည်
သစ္စာတရားမြတ်တရားကြောင့် အားလုံးသတ္တ၀ါဘေးရန်ကွာ ချမ်းသာကြပါစေ။

No comments:

Post a Comment