Monday, May 28, 2012

မွေးနေ့ဆိုတာ အိုပွဲပါ


တစ်နေ့တစ်ခါ မွေးနေ့ပါ လူမှာခေါ်ရိုးရှိ။
တကယ်ပြောင်းတာ ၊ ရုပ် နာမ်ပါ ၊ ခန္ဓာမမြဲသိ။
ရုပ်နာမ် ဓမ္မ မမြဲကြ ခဏခဏ ပြောင်းနေ၏
သေမင်းမှတ်တိုင် နောက်တစ်တိုင် ရင်ဆိုင်ရောက်လာ၏
မွေးနေ့ဆိုတာ သေပွဲပါ သေချာဥာဏ်ဖြင့်ကြည့်။
အသက် သိက္ခာ ကြီးစရာ လူမှာနှစ်မျိုးရှိ။
အသက်ကြီးရုံ အားမစုံ အကုန်ကြောက်ရ၏
အသိမကြွယ် အကျင့်ကွယ် အိုပယ်ဖြစ်သွား၏
အကျင့်သိက္ခာကြီးမှသာ မှန်စွာစိတ်အေး၏
ကြီးလေ လှလေ အေးမြပေ လူတွေချစ်ကြ၏
အသိမှန်ကန် ကိုယ့်ဖို့ကျန် ဧကန်စိတ်အေး၏။

ယောဆရာတော် ဘုရားကြီး

မွေးနေ့တဲ့
သမုတိမင်္ဂလာ
ခန္ဓာမှာ တကယ်ရှိ
ဥာဏ်နှင့်ကြည့်လိုက်တော့
ဇာတိက ဇရာ၊ ဇရာက ဗျာဓိ
တအိအိသက်ဆင်း
သေမင်းထံ တံခါးခေါက်
နားပေါက်အောင် ပြောခြင်းပါပဲတဲ့။

No comments:

Post a Comment